Lotayamm

search
မာတိကာ

contents

MNL Online

သြဂုတ် ၁၄ ရက်တွင် မုံရွာမြို့ရှိ တိုင်းအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် MFF-MPT Grassroots Football Festival 2018 (Mon Ywar) တွင် နည်းပြများအဖြစ် ပြန်လည် တာဝန်ထမ်းဆောင် ကြမည့် သင်တန်းသားများ။


နေ့ရက် : Aug 7, 2018

image



အဆိုပါ သင်တန်းကို သြဂုတ်လ ၅၊ ၆ ရက်နေ့များတွင် မုံရွာမြို့၊ တိုင်းအားကစားကွင်း၌ ၂ ရက်ကြာ ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွန့်ကိုမှ ဦးဆောင်၍ သင်ကြားပေးခဲ့သည်။ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ ဆရာမများ၊ စစ်ကိုင်းတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သင်တန်းသားများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဘောလုံးဆပ်ကော်မတီမှ သင်တန်းသားများ အပါအဝင် စုစုပေါင်း သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

၎င်းနည်းပြများအား ယခုနှစ် MFF-MPT Grassroots Football Festival 2018 (Mon Ywar) အပြင် လာမည့် နှစ်များတွင် ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots ဘောလုံး ပွဲတော် များတွင်လည်း ဆက်လက် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။

===================
#MFFMPTGrassrootsFestival2018
#MonYwar
#GrassrootsCoachingCourse
#MPTU14FootballTournament
------------------------------------------
MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။