Lotayamm

search
မာတိကာ

contents

MNL Online

ပွဲစဉ် ၁၉ အပြီး ဂိုးသွင်းဘုရင် စာရင်း


နေ့ရက် : Jul 11, 2018

image


၂၀၁၈ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ အပြီးမှာတော့ ဂိုးသွင်းဘုရင် စာရင်းကို ဧရာဝတီ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ပက်ထရစ်ကပဲ ဆက်လက် ဦးဆောင်ထားပါတယ်။ ဟံသာဝတီ တိုက်စစ်မှူး ဂျိုးဆက်ကတော့ ဒီတစ်ပတ်မှာ ဂျီအက်ဖ်အေကို နှစ်ဂိုးသွင်းခဲ့တာကြောင့် ဒုတိယနေရာက ရခိုင်တိုက်စစ်မှူး ဆန်းဒေးမက်သယူးနဲ့ သွင်းဂိုးခြင်း တူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ထူးခြားတာက ပြည်တွင်းတိုက်စစ်မှူးတွေ ဂိုးသွင်းနှုန်း တက်လာကြတာ ဖြစ်ပြီး ၇ ဂိုးထိ သွင်းယူထားနိုင်တဲ့ မြန်မာတိုက်စစ်မှူး ၄ ဦးထိ ရှိနေကာ ရာသီအစကတည်းက ထိပ်တန်း ဂိုးသွင်းရှင် စာရင်း ဝင်ခဲ့တဲ့ စည်သူအောင်ကတော့ လက်ရှိမှာ ၉ ဂိုးသွင်းယူထားတာ တွေ့ရပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။